မခံချင်စိတ်က နေရာတကာ ထားလို့မရဘူး
မခံချင်စိတ်က နေရာတကာ ထားလို့မရဘူး
- By, Admin
တောလမ်း ခရီးတခုမှာ လူငယ်တဦးနဲ့ အဖိုးအိုတဦး တွေ့ကြတယ်..။”အဘ ဘယ်သွားမလို့လဲ””ဟိုဘက်ရွာ””ဒါဆို အတူတူသွားကြတာပေါ့””အေး” “ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ..?”
”အငြိမ့်ပွဲ ကမယ်ပြောလို့ သွားကြည့်တာ””ဟင်… ကျွန်တော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး”အဖိုးအိုက ဘာမှပြန်မပြောဘူး။ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်။”ဘာတွေလဲ အဘ..? “”အရက်””ဟင်..
ကျွန်တော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး”အဖိုးအိုက ဘာမှပြန်မပြောဘူး။ခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်။လူငယ်က အပင်ပေါ် မော့ကြည့်ပြီး ပြောတယ်..။”ဟာ အဘ၊ သရက်သီးတွေဗျ
“ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကြကွ””စားချင်တယ်ဗျာ””ငါသာ မင်းအရွယ်ဆို အ ပင်ပေါ်တက်ခူးတယ်” ဆိုတော့လူငယ်လဲ မခံချင်ဖြစ်ပြီး အပင်ပေါ်တက်ခူးပါလေရော
ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး..။ “အဘ လုပ်ပါအုံး ၊ဒီ ဂွကြားကနေ ဆက်မဆင်းတတ်တော့ဘူး””ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ်”ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင် ကျိုးပါလေရော . ။
”အား.. ကျိုးပြီ အဘရေ””ကျိုးမှာပေါ့ ဒီလောက်အမြင့်ကြီးက ခုန်ချတာ””ဗျာ.. ခုနပြောတော့ ကျနော့်အရွယ်သာဆို အဘ ခုန်ချတယ် ဆို””အေးလေ.. ငါ မင်းတို့အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ” “ဂျာ..”ရယ်မော်စေသော်..။
Credit – Argyi (ဗန်းမော်)<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220126_120434_501.sdocx-->