မယားနေစ ကြောင်သေမှ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားရဲ့ အ

မယားနေစ ကြောင်သေမှ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားရဲ့ အ
Feb,23,2022
- By, Admin
မြန်မာစကားပုံတွေထဲမှာ လူတိုင်း တရင်းတနှီးရှိလှတဲ့ မယားနေစ ကြောင်သေမှလင်နေစ ဆင်သေမှ ဆိုတဲ့ စကားရဲ့ အဓိပွါယ်က အိမ် ထောင် ပြု ပြီးတဲ့ယောက်ျားတစ်ယောက် ကကြောင် ၅ ကောင်ကို သတ်ရတယ်။ ၁။ ဇီဇာ မကြောင်ရဘူး။ ၂။ သဝန် မကြောင်ရဘူး။ ၃။ သရဲဘော မကြောင်ရဘူး။၄။ သတ္တိ မကြောင်ရဘူး။ ၅။ ဖွန်လဲ မကြောင်ရဘူး။ အဲ့သည့် ကြောင်ငါးကောင်ကိုအသေသတ်နိုင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
လင် နေစ ဆင်သေမှ ဆို တဲ့ အဓိပ္ပါယ်ကလဲ..အိမ်ထောင်ပြု ပြီးတဲ့ မိန်းမတစ်ယောက် က ဆင် ၅ ကောင်ကို သတ်ရတယ်။ ၁။ အပြောအဆို ဆင်ခြင်ရတယ်။ ၂။ အနေအထိုင် ဆင်ခြင်ရတယ်။ ၃။ အသွားအလာ ဆင်ခြင်ရတယ်။ ၄။ အသုံးအစွဲ ဆင်ခြင်ရတယ်။ ၅။ အပျံ့အလွင့် ဆင် ခြင်ရတယ်။ အဲ့သည့် ဆင် ၅ ကောင်ကို အသေ သတ်နိုင်ရမယ်လို့ဆိုလိုတာပါ ။ မသိသေးသူများအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
Credit – ရွှေကြက်ဖ