“လူအ”လို့ထင်ရင် ကုန်ပြီးသာ မှတ်ပေတော့

“လူအ”လို့ထင်ရင် ကုန်ပြီးသာ မှတ်ပေတော့

“လူအ”လို့ထင်ရင် ကုန်ပြီးသာ မှတ်ပေတော့

Feb,23,2022  
  • By, Admin  

ရွာတစ်ရွာမှာ ထင်ရှားကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက် ရှိတယ်။ သူဟာ သင်္ချာပညာ မှာ တော်လွန်းလို့ဘုရင်ကတောင် သချင်္ာဘာသာအတွက် သူ့ကို ခေါ်ယူတိုင်ပင်ရတယ်။

တစ်နေ့မှာ ရွာသူကြီးက သူ့အိမ်ကို လာလည်ရင်းခုလို ပြောတယ်။ – “ခင်ဗျားကသာ ဘုရင်ရဲ့ အတိုင်ပင်ခံလို ဖြစ်နေတာ ခင်ဗျားရဲ့သားကတော့ ရွှေနဲ့ငွေမှာ ဘယ်ဟာကပိုအဖိုးတန်မှန်းတောင် မသိဘူး။ ထူလိုက် အလိုက်တာ လွန်ရောဗျာ” တဲ့။

နောက်ပိုင်းမှာလည်း နေ့စဉ်ရက်ဆက် အဲဒီစကားကို ကျန်တဲ့ ရွာလူကြီးတွေရှေ့မှာ ပြောပြီး စနောက်နေလို့ သင်္ချာပညာရှင်ဟာကြာတော့ ရှက်လာတယ်။ဒါကြောင့် ၁၀ တန်းကျောင်းသားဖြစ်တဲ့ သူ့သားကို မေးတယ်။ – “သား ရွှေနဲ့ငွေ ဘယ်ဟာကပိုပြီး အဖိုးတန်သ လဲ” – “ရွှေပါ အဖေ” –

“ဒါဆိုရင် မင်းက ဘာလို့ ရွာလူကြီးကို ငွေက ပိုအဖိုးတန်တယ်လို့ ပြောရတာလဲ။အဖေ့ကို မင်းဟာ ရွှေနဲ့ငွေ ဘယ်ဟာပိုတန်မှန်းတောင် မသိဘူးလို့ နေ့တိုင်းလာပြောနေတော့ အဖေ ရှက်တာပေါ့” – “အော်၊ဒီလိုလား။

သားရှင်းပြပါမယ်။ ကျွန်တော် မနက် ကျောင်းသွားလို့ သူကြီးအိမ်ရှေ့ဖြတ်တိုင်း သူကြီးက ကျွန်တော့်ကို အိမ်ပေါ်ခေါ်တယ်။ပြီးရင် သူက လက် ဖဝါးတစ်ဖက်ပေါ်မှာ ရွှေဒင်္ဂါးတစ်ပြားနဲ့ နောက်လက်ဖဝါးပေါ်မှာ ငွေဒင်္ဂါးတစ်ပြားကို တင်ထားပြီး ပိုတန်ဖိုးကြီးတာကိုယူလို့ ပြောလို့ငွေဒင်္ဂါးပြားကို ယူပြီး အိမ်ပေါ်က ဆင်းလာတယ်။ သူကြီးနဲ့ ရွာလူကြီးတွေ တဟားဟားနဲ့ ရယ်မောကျန်ရစ်နေခဲ့ကြတယ်။နေ့တိုင်း သူကြီးက ရွှေနဲ့ငွေ တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာလုပ်နေကြတယ်” – ” သား မင်းဟာ ရွှေက တန်ဖိုးပိုကြီးမှန်းသိရက်သားနဲ့နေ့တိုင်း ဘာလို့ ငွေဒင်္ဂါးတွေကိုပဲ ရွေးချယ်ရတာလဲ” – အဖေ သားအခန်းထဲကို ခဏလိုက်ခဲ့ပါ။ ပြစရာ ရှိလို့ပါ။အဖေဟာ သားအခန်းထဲကို လိုက်သွားတယ်။ သားက သူ့ကုတင်အောက်က သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကိုဖွင့်ပြလိုက်တယ်။

သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား တစ်ရာလောက် ရှိမယ်။ သားက သူ့အဖေကို လှည့်ကြည့်ရင်း ခုလိုပြောလိုက်တယ်။“တကယ်လို့ သားသာ ရွှေဒင်္ဂါးပြားကို ရွေးချယ်လိုက်ရင် ပထမနေ့မှာပဲ ပွဲပြီးသွားမှာပေါ့။

သူကြီးက ရွှေဒင်္ဂါးပြားကို နောက်ရက်ဘယ်ပေးပါတော့မလဲ”တကယ့်လူလည်တွေဟာ “လူအ”လို ဟန် ဆောင်တတ်ကြတယ်။ သူတို့ကို “လူအ”လို့ ထင်နေကြသူတွေကို ပိုလိမ်လို့ လွယ်ကူပါတယ်။

Credit – ဗန်းမော်သိန်းဖေ