ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ရတယ်

ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ရတယ်

ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ရတယ်

Jan,26,2022  
  • By, Admin  

ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ရတယ်

တစ်ခါက အာဖရိက မှာ လယ်သမားတစ်ဦးနေထိုင်တယ်။ သူဟာ လယ်မြေအများအပြားကို ပိုင်ပြီးတော့ သူ့လယ်မှာပဲ လယ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ နေထိုင်တယ်။တစ်နေ့တော့ သူ့ဆီကို ခရီးသွားတစ်ယောက် ရောက်လာပါတယ်။ သူကလဲ ဧည့်ခံကျွေးမွေးလိုက်တယ်။

ခရီးသွားက ” တကယ်လို့ မင်းမှာသာ လက်မအရွယ်လောက် စိန်တစ်လုံးရှိရင် မင်းဟာ မြို့တစ်မြို့ကိုတောင် ပိုင်နိုင်တယ်။ တကယ်လို့ မင်းမှာသာ လက်သီးဆုပ်လောက်စိန်ရှိရင် မင်းဟာ နိုင်ငံတစ်နိုင်ငံလောက် ပိုင်နိုင်ပါရဲ့ ” လို့ပြောသွားတယ်။

အဲဒီညမှာ လယ်သမားမအိပ်နိုင်တော့ ဘူး။ သူဟာ စိန်ကို အလွန်စိတ်ဝင်စားတယ်။ဒါနဲ့ စိန်တွေကို လိုက်ရှာဖို့ကြိုးစားတယ်။ စိန်ရှိတဲ့နေရာတွေကို လိုက်လံစုံစမ်းပြီး စိန်နောက်လိုက်ခဲ့သတဲ့။သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ်ဆိုတဲ့ သတင်းကြားတော့

တောင်အမေရိကထိ ရှိတဲ့ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။ နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ်ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ်ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ပစ္စည်းလေးတွေ ရောင်းပြီး

သွားတူးပေမယ့် စိန်မရပါဘူး။ နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ်ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ စိန်ရှာရင်း ရှာမတွေ့တဲ့အခါမှာ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်တော့ပါတယ်။

ပြီးတော့ တောင်အာဖရိက က သူ့အိမ်ကို စာရေးပို့လိုက်တယ်။စာထဲမှာတော့ ” ငါ့သား ငါသေပြီ တကယ်လို့ မင်းများ စိန်တွေထွက်တဲ့တွင်းကို ရှာဖွေတွေ့ခဲ့ရင် ငါ့နာမည်ပေးလိုက်ပါကွာ ” လို့ရေးပေးလိုက်သတဲ့။၂နှစ်လောက်အကြာမှာတော့ စပိန်တွေ အာဖရိကကို ရောက်လာပြီးတော့ လယ်သမားရဲ့ အိမ်မှာ တည်းခိုတယ်။

အဲဒီအချိန်မှာ လယ်သမားသားဟာ ကုလားအုပ်တစ်ကောင်သေသွားတဲ့အတွက် ကုလားအုပ်ကို မြှပ်ဖို့ တောင်ခြေမှာ တွင်းတူးပါတယ်။ အဲဒီထဲက ထွက်လာတဲ့ အကြည်ရောင် ကျောက်တွေကို စပိန်တွေက တွေ့ပြီးတော့ ဒါစိန်တွေ ဆိုတာကို သိသွားကြတယ်။

တကယ်တော့ လယ်သမားပိုင်တဲ့ လယ်ကွင်းရဲ့ အောက်ခြေမှာ စိန်တွင်းအကြီးကြီး ရှိနေတာဖြစ်ပါတယ်။ လယ် သမားရဲ့ သားဟာ အလွန်ချမ်းသာတဲ့ သူဌေးကြီးဖြစ်သွားပြီးတော့ အဲဒီစိန်တွင်းကို သူ့အဖေရဲ့ နာမည်ပေးလိုက်ပါသတဲ့။ သင်ခန်းစာ – ဘယ်အရာမဆို ကိုယ်နဲ့ထိုက်တန်မှသာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit – နည်းစနစ်ကျကျအတွေးအခေါ်<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220126_114528_956.sdocx-->