လုပ်ငန်းကြီးချဲ့တော့မယ်ဆိုရင် ဝက် (၁၀)ကောင်မွေးတဲ့ပုံပမာကို သတိရလိုက်ပါ

လုပ်ငန်းကြီးချဲ့တော့မယ်ဆိုရင် ဝက် (၁၀)ကောင်မွေးတဲ့ပုံပမာကို သတိရလိုက်ပါ
- By, Admin
လယ်သမားကြီးတစ်ယောက် စျေးထဲက ၀က်ကလေး တစ်ကောင် ဝယ်လာတယ်။ အိမ်ရောက်တော့ အိမ်ခြံဝင်းထဲမှာ လွှတ်ထားလိုက်တယ်။ စာကြွင်းစားကျန်ကျွေးတယ် ။
ဝက်ကထွက်တဲ့မစင်ကိုခြံထဲက သစ်ပင်တွေခြေရင်းမှာ ပုံလိုက်တယ်။ မြေဩဇာဖြစ်သွားတယ် ။ ကုန်ကျစရိတ်မရှိသလောက်နဲ့ဝက်က ကြီးလာတယ်။ရောင်းလိုက်တော့ အမြတ်တွေအများကြီးရတယ်။
” ဟုတ်ပြီကွ ” ဆိုပြီး လယ်သမားကြီးက ဝက်ကလေး ၁၀ ကောင် ဝယ်လိုက်တယ်။ အဲဒီမှာ ဂျွမ်းပစ်တာပဲ။
ဝက် ၁၀ ကောင်ကို စားကြွင်းစားကျန် ကျွေးလို့ မရဘူးလေ ။ဝက် ၁၀ ကောင်က ထွက်တဲ့မစင်က အများကြီး။ဝက်တွေကဆူလို့ အိမ်နားနီးချင်းတွေ က သူကြီးကို တိုင်နောက်ဆုံး ဝက်တစ်ကောင် ရောဂါ ဖြစ် ရာ ကနေ ဝက် ၁၀ ကောင်လုံး ရောဂါဖြစ်ပြီးသေကုန်ရော။ သင်ခန်းစာ က ဘာလဲ ..?ဝက် တစ် ကောင် မွေးရတာနဲ့ ဝက် ၁၀ ကောင် မွေးရတာ မတူပါ။
လုပ်ငန်းတစ်ခုကို တနိုင်တစ်ပိုင် အောင်မြင်အောင်လုပ်ရတာ လွယ်ပါတယ်။ တနိုင်တစ်ပိုင်ကနေ လုပ်ငန်းကြီးချဲ့တော့မယ် ဆိုရင် စနစ်လိုပါတယ်။ ပုံစံတွေ ပြောင်းရပါမယ်။
လုပ်နည်းလုပ်ဟန်တွေ ပြောင်းရပါမယ်။ စဉ်းစားပါ။ တွေးပါ။ဝက်တစ်ကောင်မွေးတုန်းက နည်းတွေနဲ့ ဝက် ၁၀ ကောင်မွေးဖို့ မကြိုးစားပါနဲ့။
Credit (SMART Group )