အရူးကြားထဲမှာ အရူးမဖြစ်စေဖို့

အရူးကြားထဲမှာ အရူးမဖြစ်စေဖို့
- By, Admin
“မှန်လှပါ မိုးခါးရေအားသောက်သုံးမိ၍ တစ်တိုင်းပြည်လုံး ရူးကုန်ကြတာပါဘုရား..”အရူးတွေကြားမှာ ဘုရင်နှင့်အမတ်ကြီးအားတစ်တိုင်း ပြည်လုံးက အရူး-အရူး ဟုသာ ခေါ်ကုန်ကြလေတော့သည်။”ကဲ အမတ်ကြီးဘယ်လိုလုပ်ကြမလဲ..အခုအကုန်ရူးပြီး တို့နှစ်ယောက်သာ ကျန်တော့တယ်၊ အရူးတွေက တို့ကိုပြန်ပြီး အရူးလို့ခေါ်ကုန်ကြပြီ။ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ အရူးတွေကြားမှာ တို့နှစ်ယောက်ထဲ ကောင်းနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ဘူး၊ ဒီတော့တို့လည်း အများနည်းတူ မိုးခါးရေသောက်ပြီး ရူးလိုက်ကြရအောင် ဒါမှ တို့အတူနေလို့အဆင်ပြေမှာ..”ထိုအခါအမတ်ကြီးမှ..”မှန်လှပါ၊ စဉ်းစားတော်မူပါဦးဘုရား.. ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့အခုချိန်မှာ အဆင်မပြေတာကို သည်းခံသင့်ပါတယ်ဘုရား၊ အခုလက်ရှိရူးသွပ်နေကြသူတွေကို ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့ မတတ်စွမ်းပေမယ့် နောက် ထပ်မွေးဖွား လာမယ့်မျိုးဆက်သစ်လေးတွေကို သူတို့လို မရူးသွပ်ရလေအောင် ထိန်းသိမ်းလို့ရပါတယ်ဘုရား၊ မျိုးဆက်သစ်တွေ များလာပြီး အရူးတွေတစ်ဖြည်းဖြည်းကုန်လာရင် အရူးမျိုးဆက်လည်းရှိလာမှာ မဟုတ်တော့ပါဘူးဘုရား.. ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီးပြောသ လို ကျွန်တော်မျိုးတို့ပါ မိုးခါးရေသောက်လိုက်မယ်ဆိုရင် အကုန်ရူးပြီး အရူးမျိုးဆက်သာ ကျန်ရစ်နေတော့မှာပါဘုရား..””အင်း မှန်ပေသားပဲ အမတ်ကြီး..ယနေ့မှစ၍ လက်ရှိရူးနေကြသူများအား ရှိစေတော့..နောက်မျိုးဆက်သစ်လေးတွေ အရူးမျိုးမဖြစ်ရလေအောင် ထိန်း သိမ်းကြပါစို့ အမတ်ကြီးရေ..”ဒီပုံပြင်ကို ကြားဖူးကြမှာပါ၊ဒါကြောင့်လဲ မကောင်းတဲ့သူတွေကြားမှာ ငါတစ် ယောက်တည်းကောင်းနေလို့ဘာထူးမှာလဲ ဆိုပြီး မတွေးလိုက်ပါနဲ့..လက်ရှိမိုက်နေတဲ့သူတွေကို သင်ပြု ပြင်ဖို့မလွယ်ကူပေမယ့် နောင်လာမယ့်မျိုးဆက်သစ်လူငယ် တွေအတွက် လူကောင်းသူကောင်းလေးတွေဖြစ် အောင် သင်လမ်းပြနိုင်ပါလိမ့်မယ်။ဒါကြောင့်လည်း..ရှေးပညာရှိများက အများမိုးခါးရေ သောက် တိုင်း ကိုယ်ပါလိုက်မသောက်နဲ့လို့.. ဆိုဆုံးမခဲ့ကြတာပေါ့..ကဲစာဖတ်မိသူ မိတ်ဆွေတို့လည်း သူများယောင်တိုင်းလိုက်တဲ့သူယောင်တတ်သူမျိုးများလား လို့ကိုယ့်ဟာကိုယ် စဉ်စားပြီးဖြေကြည့်မယ်နော် ။
Credit – မူရင်း