မှီခိုချင်တဲ့စိတ်ကို ရိုက်ချိူးပစ်ပါ

မှီခိုချင်တဲ့စိတ်ကို ရိုက်ချိူးပစ်ပါ
Feb,15,2022
- By, Admin
တစ်ခါက ဘုရင်ကြီး တစ်ပါးဟာ အာရေဗျ သိမ်းငှက်နှစ်ကောင် ကို လက်ဆောင်ရခဲ့ပါသတဲ့။ အဲဒီသိမ်းငှက်တွေလို လှပတဲ့ငှက်မျိုးကို ဘု ရင်ကြီးက တစ်ခါမှမတွေ့ဖူးသေးပါဘူး။ သူ့ရဲ့အဖိုးတန် သိမ်းငှက်နှစ်ကောင် ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ကို နန်းတွင်းသိမ်းငှက်လေ့ကျင့်ရေးမှူးကိုတာဝန်ပေးထားလိုက်ပါတယ်။လအနည်းငယ်အကြာမှတော့ လေ့ကျင့်ရေးမှူးကြီး က သိမ်းငှက်နှစ်ကောင် အနက် တစ်ကောင်ကတော့ ကောင်းကင် ပေါ်မှာ ခန့်ခန့်ညားညားတစ်ဟုန်ထိုး လေဟုန်စီးပြီး ပျံတက်ပျံဆင်းနဲ့ ပျံသန်းနေပြီဖြစ်ပေမယ့် အခြားတစ်ကောင်ကတော့ ပျံသန်းရမယ့်အစားရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့သစ်ကိုင်းမှာပဲ နားနေပါတယ်လို့ ဘုရင်ကြီးကိုလာရောက်လျောက်ထားပါတယ်။အဲဒါကြောင့် တိုင်းပြည်တလွှား ကို ကြေငြာမောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက်နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့်ခေါ်ပြီး ကုသခိုင်းပေးမယ့်မရပါဘူး။ အဲဒါနဲ့ဘုရင်ကြီး က စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာတွေကို တာဝန်ပေးပြီး ကြိုးစားလုပ်ဆောင်ခိုင်းတော့လဲ မအောင်မြင်ပြန်ပါဘူး။ နည်းပေါင်းစုံသုံးပေးမယ့်လည်း မအောင်မြင်တာကြောင့် ဘုရင်ကြီး က ပြန်သုံးသပ်တော့ “ကျေးလက်တောရွာထဲက ငှက်တွေရဲ့သဘာဝကိုနားလည်မယ့် သူတစ်ဦးကိုရှာဖွေပြီး တာဝန်ပေးလျှင်ရနိုင်လောက်တယ်” လို့အကြံရသွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက်တောရွာထဲမှလေ့ကျင့်ပေးနိုင်မည့်သူအား ရှာဖွေဖို့လွှတ်လိုက်ပါတယ်။
နောက်တစ်နေ့မနက်ခင်းမှာ ဘုရင်ကြီး ဟာ ဥယျာဉ်တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကိုတွေလိုက်ရတော့ အံ့အားသင့်ပြီး ရဲမက်များအား “သိမ်းငှက်အားပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက်သွင်းစေ” လို့အမိန့်တော်ချလိုက်ပါတယ်။ အဲဒါနဲ့ ကျေးတောသားတစ်ဦးကို ရဲမက်များကခေါ်လာရာမှာ ဘုရင်ကြီး က “မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း” လို့မေးတော့ ကျေးတောသားမှ အရိုအသေပေးရင်း “အလွန်တရာမှ လွယ်ကူပါတယ်အရှင်မင်းကြီး၊ သိမ်းငှက်နားနေသည့် သစ်ကိုင်းအားခုတ်ဖြတ်လိုက်ခြင်းသာဖြစ်ပါတယ်” လို့လျောက်တင်လိုက်ပါတယ်။ မှန်ပါတယ်။ သိမ်းငှက် လိုပဲ ကျွန်တော်တို့တတွေဟာလည်း ကိုယ်နဲ့ ( familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ်ချင်ကြ။ အထူးသဖြင့် သက်တောင့် သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး ( comfort zone) ကိုဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ၊ အမှန်တွင် လူတစ်ဦး၏ လုပ်ကိုင်နိုင်စွမ်းမှာ အကန့်အသတ် မရှိပေ၊ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တစ်ကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။ဒါကြောင့် မှီခို တွယ်ဖက်ထားသော သစ်ကိုင်း ကဲ့သို့သော အကြောက်တရားများ၊ သက်သာခြင်းထောင်ချောက်များကို ခုတ်ဖယ်ပြစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့..။
Credit : Original