စိတ်တိုလွယ်သူ

စိတ်တိုလွယ်သူ

စိတ်တိုလွယ်သူ

Feb,11,2022  
  • By, Admin  

တခါတုန်းက အရမ်း စိတ်တို လွယ်တဲ့ ကောင်လေး တယောက် ရှိသတဲ့။ အဲဒါနဲ့ သူ့အဖေက သူစိတ် တခါ တိုတိုင်း သစ်သား ခြံစည်းရိုးမှာ သံတချောင်း ရိုက်ဖို့ ပြောတယ်။

ကောင်လေးလည်း ပထမနေ့ မှာတင် သံ ၃၇ ချောင်း ရိုက်ရတယ်။ ၃၇ ခါ စိတ်တိုတယ် ဆိုတဲ့ သဘောပေါ့။

တဖြည်းဖြည်းနဲ့ ကောင်လေးက စိတ်တို လွယ်တာကို ထိန်းနိုင် လာပြီး တနေ့ တနေ့ ရိုက်ရတဲ့ သံ အရေအတွက်လည်း လျော့လျော့ လာတယ်။နောက်ဆုံးမှာတော့ တနေ့လုံး နေလို့ သံတချောင်းမှ မရိုက်ရတဲ့ ပထမဆုံး နေ့ကို ရောက်လာတယ်။

အဲဒါနဲ့ သူ့အဖေက "အဲဒီလို လုံးဝ စိတ်မတိုတဲ့ နေ့ (သံတချောင်းမှ မရိုက်ရတဲ့ နေ့) မှာ အရင် ရိုက်ပြီးသား သံတချောင်းကို နှုတ်ကွာ" လို့ ပြောလိုက်တယ်။

ရက် လတွေ ကြာတော့ ကောင်လေးက သစ်သား ခြံစည်းရိုးက သံတွေ တချောင်းမှ မကျန်အောင် နှုတ်နိုင် သွားခဲ့ပါပြီ။ကောင်လေးဟာ အဲဒီအကြောင်းကို သူ့အဖေကို အပြေးအလွှား သွားပြောတာပေါ့။

အဲဒီအချိန်မှာ သူ့အဖေက ကောင်လေးကို ခြံစည်းရိုးဆီ ခေါ်သွားပြီး ပြောပြတယ်။

"တော်တယ် ငါ့သား။ ဒါပေမယ့် ခြံစည်းရိုးမှာ သံစိုက်ရာ အပေါက်တွေ ကြီးပဲ။ ဒီခြံစည်းရိုက ဘယ်တော့မှ အကောင်းအတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး။

အဲဒီလိုပဲ မင်း ဒေါသ ထွက်တဲ့ အခါမှာ ပြောလိုက်တဲ့ စကားလုံးတိုင်း အတွက်လည်း တခြား တဖက်သားမှာ ဒဏ်ရာတွေ ကျန်ခဲ့ ရတယ်။ နောက်ပြီးတော့ ဘယ်လောက်ပဲ ဆောရီး ပြောပြော ဒဏ်ရာတွေ ကတော့ ကျန်နေခဲ့မှာပဲ"

Crd