စွန့်လွှတ် စွန့်စားဖို့ ဝန်မလေးပါနဲ့

စွန့်လွှတ် စွန့်စားဖို့ ဝန်မလေးပါနဲ့

စွန့်လွှတ် စွန့်စားဖို့ ဝန်မလေးပါနဲ့

Feb,9,2022  
  • By, Admin  

တခါတုန်းက အိမ်ခြေရာမဲ့ ကောင်လေးတစ်ယောက်ရှိတယ်..သူထမင်းတစ်နပ်စားရဖို့ တစ်လမ်းဝင် တစ်လမ်းထွက် တောင်းစားရတဲ့ အ လုပ် ကိုလုပ်တယ်.. တစ်ခါတစ်လေ တောင်းလို့မရတဲ့နေ့မှာ စားဖို့.. တစ်ချို့ အစားသောက်တွေကို စုဆောင်းထားတယ်.. နောက်တော့ သူသတိပြုမိလာတယ်.. သူစုဆောင်းထားတဲ့ အစားသောက်တွေ ပျောက်ပျောက်နေတယ်ဆိုတာကိုပေ့ါ…တစ်နေ့မှာတော့ သူ့အစားစာတွေကို လာလာခိုးတဲ့ တရားခံကို သူဖမ်းမိလိုက်တယ်…အဲဒါကတော့ ကြွက်လေး တစ်ကောင်ပါ..ကောင်လေးက ကြွက်ကို မေးတယ်…

မင်းဘာဖြစ်လို့ ငါဆီကနေ ခိုးရတာလဲ ငါက အိမ်ခြေယာမဲ့ တစ်ယောက်ပဲ.. မင်းခိုးစားချင်ရင် ငါ့ထက်ချမ်းသာတဲ့ လူတွေဆီကနေ ခိုးစားပါလား… မင်းခိုးတာလောက်က သူတို့တွေအတွက် ဘာမှထိခိုက် မသွားဘူး… ဒါပေမယ့် ငါ့အတွက် အရမ်းခက်ခဲတယ်…ကြွက်က သူ့ကို ပြန်ပြောတယ်.. အဲဒါ မင့်ရဲ့ ကံကြမ္မာပဲ…မင်းဘယ်လောက်တောင်းခဲ့လဲ… မင်းဘယ် လောက်စုဆောင်းခဲ့လဲ… မင်းဘယ်လောက်တောင်းခဲ့တောင်းခဲ့ မင်းဘယ် လောက်စုစုခဲ့… အခုအချိန်မှာ မင့်လက်ထဲမှာ ကျန်နေတာက မင့်ရဲ့ကံကြမ္မာက ပေးသလောက်ပါပဲ…လူငယ်လေးက အံ့အားသွားတယ် ဘာလဲ ငါကံကြမ္မာာဆိုတာမသိဘူး

ကြွက်က ပြန်ပြောတယ်…ငါလဲမသိဘူး… သိချင်ရင် ပညာရှိတစ်ယောက်ရှိတယ် မင်းသူ့ဆီသွားမေးပေ့ါတဲ့..အိမ်ခြေရာမဲ့ ကောင်လေးတစ်ယောက်ဟာ… သူ့ကံကြမ္မာကို မေးမြန်ဖို့အတွက်… ကြွက်ပြောတဲ့ ပညာရှိကို တွေ့ဖို့ ခရီးရှည်ကြီးကို စထွက်ခဲ့တယ်…ခရီးသွားနေတုန်း မှောင်သွားတဲ့အခါ… လမ်းခရီးမှာရှိတဲ့ ချမ်းသာတဲ့ မိသားစု အိမ်တစ်အိမ်ကို သွားပြီး ခွင့်တောင်းတယ်… တစ်ညလောက်တည်းခိုခွင့်ပြုပါပေါ့… အိမ်ရှင်တွေကသူ့ကို မေးတယ် မင်းက ဘယ်ကိုသွားမှာလဲ ဘယ်ကလာတာလဲဆိုတော့…လူငယ်လေးက ပြန်ရှင်းပြတယ်..

သူက အိမ်ခြေယာမဲ့ တစ်ယောက်ပါ ပညာရှိကြီးဆီသွားပြီး မေးခွန်းတစ်ခု မေးစရာရှိလို့ပါတဲ့…အဲဒီတော့ အိမ်ရှင်က သူ့ကို တည်းခိုခွင့်ပြုလိုက်တယ်… ပြီးတော့ သူ့ကိုပြောတယ်…တကယ်လို့များ အဲဒီပညာရှိကို မင်းရှာဖွေတွေ့ရှိခဲ့ရင် ငါတို့အ တွက်ရော မေးခွန်းလေး တစ်ခု မေးပေးလို့ရမလားရတာပေါ့မေးမယ်ဆိုတော့..အိမ်ရှင်က ပြောတယ်…ငါတို့မှာ ၁၆ နှစ်အရွယ်သမီးလေး တစ်ယောက်ရှိတယ်… အခုထိ စကားမပြောတာ ဘာဖြစ်လို့လဲ။ ပညာရှိကြီးကိုတွေ့ရင် အဲဒီမေးခွန်းလေး မေးပေးပါ…နောက်နေ့မှာ ကောင်လေး ချမ်းသာတဲ့ မိသားစုအိမ်ကနေ ထွက်လာပြီး သူ့ခရီးရှည်ကြီးကို ဆက်ထွက်လာခဲ့တယ်…သူသွားတဲ့ ခရီးအရှေ့မှာတောင်တွေပိတ်ပြီးကာနေတယ်… သူတောင်တစ်လုံးပေါ်တက်ပြီးချိန်မှာ… တောင်ထိပ်မှာ မှော်ဆရာတစ်ယောက်နဲ့တွေ့တယ်… မှော်ဆရာက သူ့တောင်ဝှေးကိုသုံးပြီး တောင်တွေကို ကျော်ဖြတ်ဖို့ ကူညီပေးတယ်…လမ်းမှာသူ့ကို မေးတယ်… မင်းဘယ်သွားမှာလဲပေ့ါ..သူက ပြန်ဖြေတယ်.. ပညာရှိတစ်ယောက်ဆီကိုသွားမှာ သူ့ကို ငါမေးခွန်းတစ်ခုမေးစရာရှိတယ်…အဲဒိတော့ မှော်ဆရာက ပြန်ဖြေတယ်.. ဟုတ်လား ငါမှာလဲ မေးခွန်းတစ်ခုရှိတယ်.. မင်းသူ့ကိုရှာတွေ့ခဲ့ရင် ငါ့အတွက် မေးခွန်းတစ်ခု မေးပေးလို့ရမလား…ငါနတ်ပြည်ကိုသွားဖို့ ဒီတောင်ပေါ်မှာ စောင့်နေတာ နှစ်တစ်ထောင်ရှိပြီ ငါဘာလို့အခုထိ နတ်ပြည်ကို မရောက်နိုင်သေးတာလဲ… ပုံမှန်ကျင့်စဉ်အရဆိုရင် နှစ်တစ်ထောင်ဆိုတာ နတ်ပြည်သွားဖို့ လုံ လောက်နေပြီ ဒါပေမယ့် ငါအခုထိ မရောက်နိုင်သေးဘူး…ဘာဖြစ်လို့ မရောက်နိုင်တာလဲဆိုတာ ငါ့ကိုယ်စား မေးပေးပါလား…ကောင်လေးက မေးပေးမယ်လို့ သဘောတူလိုက်တယ်…တောင်တွေကျော်သွားတော့ မှော်ဆရာက ပြောတယ်… သူ့နယ်မြေကုန်သွားပြီ မင်းဘာသာမင်း ဆက်လျှောက်သွားတော့…ကောင်လေးက သူ့ခရီးကို ဆက်လျှောက်ခဲ့တယ်…

0လျှောက်ရင်းနဲ့ တစ်နေရာ အရောက်မှာတော့ မြစ်ကြီးတစ်ခုက အရှေ့မှာ ခံနေတယ်…. အဲဒီမြစ်ကြီးကို သူဖြတ်မကူးနိုင်ဘူး…ကံကောင်းစွာနဲ့ပဲ လိပ်ကြီးတစ်ကောင်နဲ့သူတွေ့တယ်… လိပ်ကြီးက သူ့ကို ဘယ်သွားမှာလဲမေးတယ်… သူက ထုံစံအတိုင်း ပြန်ဖြေတယ်… ပညာရှိတစ်ယောက်ဆီမှာ မေးခွန်းတစ်ခု သွားမေးမလို့…လိပ်က သူ့ကိုပြောတယ်… မြစ်ကိုဖြတ်ကူးဖို့ သူ့ကျောကိုစီးပါ..သူပို့ပေးမယ်… ဒါပေမယ့် တကယ်လို့ပညာရှိကို ရှာတွေ့ခဲ့ရင် မေးခွန်းတစ်ခု မေးပေးရမယ်…သူက နဂါးတစ်ကောင်ဖြစ်လာဖို့ ကြိုးစားနေတာ အနှစ် ငါးရာရှိပြီ… ဘာဖြစ်လို့ အခုထိ နဂါးမဖြစ်ရသေးတာလဲ… သူ့လေ့လာ သင်ကြားထားသလောက် သူ့ကျင့်စဉ်အရဆိုရင် နှစ်ငါးရာ ကျင့်ပြီးရင် သူဟာ နဂါးတစ်ကောင် ဖြစ်ပြီ…ကောင်လေးက မေးပေးဖို့ သဘောတူလိုက်တယ်..။

နောက်ဆုံးမှာသူ ပညာရှိကြီးကို ရှာဖွေတွေ့ရှိသွားတယ်… ပညာရှိဆီမှာ စုရုံးရောက်ရှိနေကြတာ သူတစ်ယောက်တည်းမဟုတ်ဘူး… သူ့လိုမျိုးပဲ ပြသနာမျိုးစုံနဲ့ ပညာရှိဆီမှာ မေးခွန်းမျိုးစုံမေးကြမဲ့လူတွေ ရောက်နေကြတာ…အဲဒီမှာ ပညာရှိက ပြောတယ်…အားလုံးမှာ မေးခွန်းသုံးခုပဲ မေးဖို့ အခွင့်ရေးရမယ်… မေးခွန်းသုံးခုပဲမေးပါ…အဲဒီမှာ လူငယ်လေးက စိတ်ညစ်သွားတယ်… ဘာဖြစ်လို့လဲဆိုတော့ ပညာရှိက မေးခွန်းသုံးခွန်းပဲ မေးရမယ်လို့ အခွင့်ရေးပေးတဲ့ အချိန်မှာ သူ့ဆီမှာ မေးစရာ မေးခွန်းက လေးခုဖြစ်နေလို့ပါ…

အဲဒီတော့ သူသေသေချာချာ ပြန်စဉ်းစားကြည့်တယ်…နှစ်ပေါင်းငါးရာလောက် ကျင့်ပြီး နဂါးဖြစ်ချင်နေတဲ့ လိပ်ကြီးရဲ့ ပြသနာမှော်ဆရာဆိုရင် နတ်ပြည်သွားဖို့ ကျင့်နေတာ နှစ်တစ်ထောင်ကြာသွားပြီ..မိန်းမငယ်လေး ဆိုလဲ စကားမပြောနေခဲ့တာ သူ့ဘဝတစ်လျှောက်လုံးပါပဲ…အဲဒါပြီးတော့ သူ့ကိုသူ ပြန်ကြည့်တယ်… ငါကရော..ငါက အိမ်ခြေရမဲ့ သူတောင်းစား တစ်ယောက်ပဲ… ငါနေတဲ့ နေရာလေး ပြန်သွားပြီး ငါ့ဘာသာငါ တောင်းစားနေလို့ရပါတယ်…သူတစ်ခြားလူတွေကိုရဲ့ ပြသနာကိုတွေကိုကြည့်လိုက်တယ်… တစ်ခြားလူတွေရဲ့ ပြသနာနဲ့ ယှဉ်လိုက်ရင် သူ့ပြသနာ သေးသေးလေးပဲဆိုတာ သူသိသွားတယ်…အဲဒီတော့ သူ့မေးခွန်းကို ချန်ထားပြီးကျန်တဲ့သုံးဦးရဲ့ မေးခွန်းတွေကို သူမေးလိုက်တယ်…ပညာရှိက ပြန်ဖြေတယ်…လိပ်က ဘာဖြစ်လို့ နဂါးဖြစ်မဲ့ ကျင့်စဉ်တွေကျင့်ပေမယ့် ဘာကြောင့် နဂါးဖြစ်သေးတာလဲဆိုတော့… လိပ်က သူ့ကျောက အခွံမာကြီးကို စွန့်ပစ်ဖို့ ဝန်လေးနေလို့ပါ…သူဟာ အဲဒီအခွံမာကြီးရဲ့ အကာကွယ်အောက်မှာ သက်သောင့်သက်သာ ရှိနေတာကို သူကျေနပ်နေလို့ပါ..မှော်ဆရာ..မှော်ဆရာဟာ စွမ်းအားရှိတဲ့ မှော်တောင်ဝှေးကို သူ့လက်က မချနိုင်ပဲခင်တွယ်နေလို့ပါ… အဲဒါက ဘာနဲ့တူနေလဲဆိုတော့… အဲဒီ မှော်တောင်ဝှေးသွားနိုင်တဲ့နေရာလေးတစ်ဝိုက်မှာပဲ သူ့ကိုယ်သူ ကျောက်ချရပ်နားနေသလို ဖြစ်နေလို့ပါမိန်းကလေး..သူ့ရဲ့ ဖူးစာရှင်ကို သူမတွေ့သေးလို့ စကားမပြောတာပါ.. သူကိုတွေ့ရင် စကား ပြောပါလိမ့်မယ်…အဲဒီမေးခွန်းသုံးခုကို မေးပြီးတော့.. သူပြန်လာခဲ့တယ်.. လိပ်ကိုတွေတဲ့ အချိန်မှာ… သူပြန်ပြောတယ်… ပညာရှိကတော့ အခုလိုပဲပြောတယ်… မင့်ရဲ့ အခွံမာကြီးကို ချွတ်လိုက်ရင် မင်းနဂါးဖြစ်လိမ့်မယ်…အဲဒီမှာလိပ်ကနေ အခွံမာကြီးကို ချွတ်လိုက်တယ်… အဲဒီအချိန်မှာ လိပ်ခွံအောက်မှာ သူသိမ်းထားတဲ့ ပင်လယ်ရဲ့ အနက်ဆုံးနေရာက အဖိုးတန်ဆုံး ပုလဲတွေ ထွက်လာတယ်…လိပ်က ပြောတယ်… ငါနဂါးဖြစ်သွားပြီပဲ ဒါတွေမလိုတော့ဘူး မင်းယူထားလိုက်ပါဆိုပြီး သူ့ကို ပေးပြီးမိုးပေါ် ပျံတက်သွားတယ်…တောင်ထိပ်ပေါ်ကို ရောက်တော့ မှော်ဆရာကိုတွေ့တဲ့အခါ…မင်းရဲ့ အစွမ်းထက်လှတဲ့ တောင်ဝှေးကို မစွန့်လွတ်နိုင်လို့ မင်းနတ်ပြည်ကိုမသွားနိုင်တာ အဲဒါကြီးက မင့်ကို ကျောက်ချထားသလိုပဲ…အဲဒီတော့ မှော်ဆရာဟာ တောင်ဝှေးကို ခဏ ချကြည့်လိုက်တယ်… သူနတ်ပြည်သွားလို့ရသွားပြီဆိုတာ သိလိုက်ရတယ်… အစွမ်းထက်လှတဲ့ တောင်ဝှေးကို လူငယ်လေးကို ပေးထားခဲ့တယ်..လူငယ်လေးဟာ အစွမ်းထက်လှတဲ့ တောင်ဝှေးရယ် လိပ်ပေးလိုက်တဲ့ အဖိုးတန် ပုလဲတွေရယ်ယူပြီး…ချမ်းသာတဲ့ မိသားစုအိမ်ကို ပြန်သွားခဲ့တယ်…ချမ်းသာတဲ့ မိသားစုအိမ်ရောက်တဲ့အခါ..မိဘတွေကို ပြန်ပြောပြတယ်… ပညာရှိက ပြောတယ်… မိန်းကလေးဟာ သူ့ဖူးစာရှင်နဲ့ တွေ့ရင်သူ စကားပြောလိမ့်မယ်…အဲဒီအချိန်မှာပဲ မိန်းကလေးက အပေါ်ထပ်ကနေ ဆင်းလာတယ်…လူငယ်လေးတွေကို တွေ့တော့… သူစမေးတယ်…အရင်တစ်ပတ်က အိမ်ကို လာသွားတယ်ဆိုတာ သူလားတဲ့…မိန်းကလေးက စကားပြောတဲ့အခါ လူငယ်လေးနဲ့ မိန်းကလေးဟာ ဖူးစာဖက်တွေ ဖြစ်တယ်ဆိုတာ သူတို့သိသွားကြသတဲ့..။

ကျွန်တော်တို့တတွေလည်း တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်ဆီက တစ် စုံတစ်ခု ရဖို့ တစ်စုံတစ်ခု ပေးပြီးယူရတယ်…တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ နဂါးကြီးဖြစ်ချင်ကြတယ်.. တစ်တစ်လေမှာ တောဘုရင်ခြင်္သေ့ကြီးဖြစ်ချင်ကြတယ်… ဒါပေမယ့် စွန့်စားဖို့ ကြောက်ရွံ့နေကြတယ်..တစ်ခါတစ်ရံမှာ ပိုကောင်းတဲ့နေရာကိုသွားဖို့ ဆိုရင် မလှုပ်မရှုတ်မပြုတ်နဲ့ နေလို့ရတဲ့ သက်သောင့်သက်သာ အခြေနေတွေကို စွန့်ခွါပြီး စွန့်စားရဲဖို့လိုမယ်…တကယ်စစ်မှန်တဲ့ ချစ်ခြင်းမတ္တောကိုလိုချင်ရင်… ကိုယ်ကနေ သူများဆီက မရယူခင်မှာ ကိုယ်ကနေ သူ့ကို ဖြည့်ဆည်းပေးနိုင်တဲ့လူ ဖြစ်အောင် အရင်ကြိုးစားရမယ်…မင်းတစ်ယောက်တည်းနေပြီးမင်းရဲ့ ကျဆုံးမှုတွေ ဆုံးရှုံးမှုတွေ မင့်ပြသနာတွေ အကြောင်းကို စဉ်းစားပြီး စိတ်ညစ်နေမယ်ဆိုရင်… မင်းကြုံတွေ့နေရတဲ့ ဒုက္ခကို တစ် ဖြည်းဖြည်းနဲ့ အကြီးကြီးလို့ မြင်လာလိမ့်မယ်..တစ်ယောက်ထဲ မနေပါနဲ့ ပတ်ဝန်းကျင်ကို လေ့လာပါ… တစ်ခြားလူတွေရဲ့ ဘဝကို ဆန်း စစ်ကြည့်ပါ… ငါတို့လောက်တောင် ဘဝမှာ အခွင့်ရေးတွေ မရခဲ့တဲ့လူတွေရဲ့ ဘဝကို ကြည့်ပါ… အဲလို ပတ်ဝန်းကျင်က လူတွေရဲ့ အခက်ကို ကြည့်တတ် မြင်တတ်လာတဲ့အခါ…တစ်ခါတစ်လေမှာ မင့်ဒုက္ခဟာ တစ်ဖြည်းဖြည်းသေးသွားပါလိမ့်မယ်…

မင့်ပတ်ဝန်းကျင်က မင့်ထက်ဆိုးရွာတဲ့လူတွေကို လက်တစ်စုံကမ်းပေးကြည့်ပါ… သူတို့ကို မင်းတတ်နိုင်တာလေးတွေ ကူညီပေးပါ… စိတ်ညစ်စရာကောင်းနေတဲ့ မင့်ဘဝ လမ်း ကြောင်နဲ့ ကံကြမ္မာဟာ ပြောင်းလှဲသွားပါလိမ့်မယ်..မင်းကသာ လူတွေအပေါ်ကို စိတ်ထားကောင်းကောင်းလေး ထားတတ်လာတဲ့ တစ် နေ့ စင်္ကြာဝဠာကြီးက မင်းအပေါ်မှာ မင်းထင်ထားတာထက် ပိုပြီး ပြောင်းလဲပေးလာပါလိမ့်မယ်..မင်းစိတ်ရင်းစေတနာနဲ့ ကူညီပေးခဲ့တာ ဆက်ဆံပြုမှုခဲ့တာတွေ အားလုံးက မင့်ဆီကို ပြန်ရောက်လာကြမှာပါ…

Credit -Kaung Myat