ပေါင်းသင့်တဲ့သူသာ ပေါင်းပါ

ပေါင်းသင့်တဲ့သူသာ ပေါင်းပါ
- By, Admin
ရှေးတုန်းက မာဂဓတိုင်းမှာ စကားပင်တွေများစွာပေါက်နေတာကြောင့် စမ္ပကဝတီအမည်ရှိတဲ့ တောအုပ်ကြီးတစ်ခုရှိတယ်။အဲဒီတောအုပ်ကြီးထဲမှာ သမင်နှင့်ကျီးတို့ ဟာ အလွန်ချစ်ခင်ရင်းနှီးစွာဖြင့် ကြာမြင့်စွာနေထိုင်လာကြတယ်။တစ်နေ့တော့ သမင်ဟာတစ်ကောင်ထဲအစား အစာကိုလှည့်လည်ရှာဖွေစားသောက်နေစဉ် မြေခွေးတစ်ကောင်ကမြင်တွေ့ပြီး စိတ်ထဲကနေစဉ်းစားတယ်။’ဒီလောက်ဆူဖြိုးပြီးစာကောင်းမဲ့သမင်သားကို ငါဘယ်လိုစားရအောင်ကြံရမလဲ။လောလောဆယ် ဟန်ဆောင်မိတ်ဆွေဖွဲ့ပြီး ရင်းနှီးအောင်လုပ်မှ အဆင်ပြေလိမ့်မယ်’လို့ကြံပြီး သမင်းနားသို့သွားကာ…”မိတ်ဆွေ နေကောင်းရဲ့လား”လို့ မေးလိုက်တယ်။သမင်က”သင်ဘယ်သူလဲ”လို့မေးတော့ မြေခွေးက’ကျွန်ုပ်နာမည်က ခုဒ္ဒဗုဒ္ဓိပါ။ ဒီတောအုပ်ကြီးထဲမှာ မိတ်ဆွေအပေါင်း အသင်းမရှိတာကြောင့် သူသေတစ်ဦးလို နေနေရပါတယ်။အခုတော့ သင့်လိုမိတ်ဆွေမျိုးကိုတွေ့ရသေရွာလို့ကနေ ပြန်လာရသလို ခံစားရပါတယ်။ဒါ ကြောင့်မို့ အဆွေ့ရဲ့အခြွေရံ အခစားဖြင့် အနားမှာနေခွင့်ပြုစေချင်ပါတယ်” လို့ပြောလိုက်တော့ သမင်ကသဘောတွေကျပြီး… ”အင်း ဒါဆိုလည်း သင့်သဘောလေ နေကြတာပေါ့”လို့ ခွင့်ပြုလိုက်တယ်။နေ ဝင်ခါနီးတဲ့အခါ နှစ်ဦးသား သမင်နေထိုင်တဲ့နေရာသို့ ပြန်လာကြတယ်။သမင်နေတဲ့နေရာမှာက စကားပင်ကြီးတစ်ပင်ရှိတယ်။စကားပင်ကြီးရဲ့အကိုင်းမှာက ကျီးနေတယ်။ကျီးကသစ်ကိုင်းထက်ကနေ သမင်နှင့်မြေခွေးတို့အတူလာတာကိုတွေ့တော့ သမင်ကိုလှမ်းမေးတယ်။ ”အဆွေသမင်၊ သင်နှင့်ပါလာတာ ဘယ်သူလဲ”တဲ့။သမင်က ”သူကမြေခွေးပါ”လို့ဖြေတော့ ကျီးက…”အဆွေ… သူစိမ်းတစ်ရံနဲ့ အကြောင်းမရှိပဲ အ ပေါင်းအသင်းမလုပ်သင့်ဘူး””မျိုးရိုးနဲ့ အကျင့်စာရိတ္တကောင်းမကောင်းမသိရသေးတဲ့သူကိုနေထိုင်ခွင့် မပေးသင့်ဘူး။အဲဒီလို မသိပဲပေးခဲ့မိလို့ကြောင်ကြောင့် ဇရဂ္ဂဝအမည်ရှိတဲ့လင်းတကြီးအသတ်ခံရဘူးတယ်”(ကျီးက အဲဒီလိုပြောပြီး လင်းတကြီးနဲ့ ကြောင်တို့ရဲ့ပုံပြင်ကို ပြောပြတယ်)ကျီးရဲ့စကားကိုကြားတော့ မြေခွေကဒေါသထွက်ပြီးပြန်ပြောတယ်။”သင်နဲ့သမင်စတွေ့တုန်းကလည်း အမျိုးအနွယ်အကျင်စာရိတ္တကို သိကြတာမဟုတ်ပါဘူး။အဲဒီလိုမသိပါပဲ ဘယ်လိုစပြီး မိတ်ဆွေဖြစ်ကြလဲ။ဘာလို့အခုအထိ ခိုင်မြဲနေကြတာလဲ””ဒါကတော့လူရင်းပဲဒါက တော့သူစိမ်းလို့ သတ်မှတ်တာဟာအမြင်ကျဉ်းတဲ့သူတွေရဲ့သတ်မှတ်ချက်ပါပဲ။အမြင်ကျယ်တဲ့သူတွေအဖို့ကတော့တလောကလုံးဟာ ဆွေ မျိုးတွေကြီးပါပဲ””အနှစ်မရှိတဲ့တောမှာကြက်ဆူပင် မင်းမူသလိုပညာရှိသူမရှိတဲ့အရပ်မှာနည်းနည်းပါးပါး သိတဲ့သူဟာအနူတောမှာလူချောပေါ့”ဒီလိုမြေခွေးက ခနဲ့သလိုပြန်ပြောတော့ သမင်က”ဒီလိုတစ်ဦးနဲ့တစ်ဦး ငြင်းခုန်နေလို့ ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့အား လုံး ယုံယုံကြည်ကြည်ညီညီညွတ်ညွတ်နဲ့ တစ်နေရာထဲမှာ အတူနေကြတာပေါ့””ဘယ်သူမှ ဘယ်သူရဲ့ မိတ်ဆွေလည်းမဟုတ်ရန်သူလည်း မဟုတ်ဘူး။အပြုအမူ အလေ့အကျင့်နဲ့သာမိတ်ဆွေ ရန်သူဖြစ်ကုန်ကြတယ်…”မပြောသာတော့တဲ့အဆုံးကျီးကလည်း’ကောင်းပါပြီ…ဒါဆိုလည်း သုံးဦးသားညီညီညွတ်ညွတ်နေကြတာပေါ့”ဆိုပြီး သဘောတူလိုက်ရတယ်။တစ်နေ့မြေခွေးက သမင်ကို ဆိတ်ကွယ်ရာနေရာကိုခေါပြီး”အဆွေသမင် ဒီတောရဲ့အစပ်နားမှာ စပါးတွေပေါတဲ့လယ်ကွက်တစ်ကွက်ရှိတယ်။အဲဒီနေရာကို သင့်ကို ငါပြမယ်”ဆိုပြီး သမင်ကိုလယ် ကွက်ရှိရာခေါ်သွားတော့တယ်။အဲဒီနေ့ကစပြီး သမင်ဟာအဲဒီလယ်မှာ နေ့တိုင်း သွားစာတော့တယ်။လယ်ရှင်လည်း သမင်နေ့တိုင်းလာစားတာကိုသိတော့ကျော့ကွင်းထောင်းထားလိုက်တာ သမင်ကျော့ကွင်းမှာ မိပါလေရော။ကျော့ကွင်းမိနေတဲ့သမင်ဟာ ‘အခုအချိန်မှာငါ့ကိုမုဆိုးကျော့ကွင်းမှလွတ်အောင် ကယ်နိုင်မဲ့သူဟာမိတ်ဆွေရင်းမှတပါး အခြားဘယ်သူမှ ရှိမှာမဟုတ်ဘူး’ လို့တွေးနေစဉ်မှာပဲ မြေခွေးကရောက် လာတယ်။
မြေခွေးက အနားမှာရပ်ကြည့်ပြီး”ငါ့ရဲ့ အကြံကတော့ အောင်မြင်ပြီ။မကြာခင် ငါ့အလိုပြည့်တော့မယ်။လယ်ပိုင်ရှင် ခုတ်ထစ်ထားတဲ့ အ သွေး အသားတွေနဲ့ လူးနေတဲ့အရိုးရင်းတို့ကို ငါစားရတော့မယ်”ကြံကာ ပျော်နေတယ်။သမင်က မြေခွေးကိုတွေ့တော့ အားရဝမ်းသာနဲ့ ”အ ဆွေ…ကျော့ကွင်းကို အမြန်ကိုက်ဖြတ်ပေးပြီးကျွန်ုပ်ကိုကယ်ပေးပါ”အကြောင်းကတော့ ထိုအခါမြေခွေးက ကျော့ကွင်းကို အသေချာလှည့် ပတ်ကြည့်ပြီး ခိုင်ခံ့တဲ့ကျော့ကွင်းဖြစ်ကြောင်းကို သိတဲ့အခါ”အဆွေသမင် ဒီကျော့ကွင်းဟာ သတ္တဝါတို့ရဲ့အကြောနဲ့ ပြုလုပ်ထားတာဖြစ်တယ်။ဒီနေ့ဟာ ဥပုသ်နေ့ကြီးမို့ ကျွန်ုပ်ရဲ့သွားတွေနဲ့ ဒီကျော့ကွင်းကို ဘယ်လိုလုပ် ထိလို့ရမှာလဲ။အဆွေကျွန်ုပ်ကို တစ်မျိုးမထင်ဘူးဆိုရင် မနက်ဖြန်မနက်မှ အဆွေပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်”လို့ပြောပြီး အနီးနားက ချုံထဲမှာ ပုန်းနေလေ၏။မိုးလင်းခါနီးအထိ သမင်ပြန်မရောက် လာတဲ့အခါကျီးကစိတ်ပူပြီး နေရာအနှံ့လိုက်ရှာတော့ ကျော့ကွင်းမိနေတဲ့ သမင်းကို သွားတွေ့တယ်။ဒီတော့ကျီးက’အို အဆွေ ဘယ် လိုဖြစ်ရတာလဲ’လို့မေးတဲ့အခါ သမင်က’မိတ်ဆွေကောင်းရဲ့စကားကိုနားမထောင်တဲ့အကျိုးပါပဲ””အကျိုးကိုလိုလားတဲ့ မိတ်ဆွေကောင်းတွေ ရဲ့ပြောစကားကို နားမထောင်တဲ့သူဟာဘေးအန္တရာယ်နဲ့ နီးစပ်တယ်။အဲဒီလိုပုဂ္ဂိုလ်ကိုရန်သူတွေက သဘောကျတယ် ‘ကျီးက ”အခုမြေ ခွေးစဉ်းလဲ ဘယ်မှာလဲ”လို့မေးတဲ့အခါသမင်က ”ကျွန်ုပ်ရဲ့အသားကိုစားလို၍ အနီးနားက ချုံကြားထဲမှာ ပုန်းနေပါတယ်”လို့ဖြေတော့ကျီးက ”ကျွန်ုပ်သင့်ကို အစထဲက ဒါတွေကိုကြိုမြင်လို့ သတိပေးခဲ့သားပဲ”” ငါ့မှာဘာအပြစ်မှမရှိဘူးဆိုပြီးယုံကြည်စိတ်ချ မနေသင့်ဘူး ။သူတော် ကောင်းတွေကိုတောင်သူယုတ်မာတွေက အန္တရာယ်ပြုတတ်တယ်…””ကွယ်ရာမှာ အကျိုးစီးပွားကိုဖျက်ဆီးပြီးကိုယ့်ရှေ့မှာတော့ ချိုသာတဲ့စကားလေးတွေပြောတတ်တဲ့မိတ်ဆွေကိုနှုတ်ခမ်းမှာနို့ရည်လူးထားတဲ့အဆိပ်အိုးလို ရှောင်ကြဉ်သင့်လှတယ်”ကျီးက သက် ပြင်းချပြီး ထပ် ပြောပြန်တယ်။ ”ကောက် ကျစ်ယုတ်မာလွန်းတဲ့မြေခွေး၊သင်ဘာလို့ဒီလောက်တောင်ယုတ်မာရတာလဲ”” ကိုယ်ကသူ့အပေါ်ချိုသာတဲ့ စကားလေးတွေနဲ့ နူးနပ်ထားတယ်။ဟန်ဆောင်ကောင်းကောင်းနဲ့အလိုလိုက် အကြိုက်ဆောင်ထားပြီးသူကလည်း ကိုယ့်အပေါ်တစ်ခုခုရနိုးနိုးနဲ့မျှော် လင့်အားထား သူတောင်းစားလိုဖြစ်နေတဲ့သူကိုလိမ်လို့ရခြင်းဟာ လောကကြီးမှာအခုမှမဟုတ် အရင်ထဲကရှိခဲ့တယ်…သင်လည်း ဒီနည်းအ တိုင်း သမင်အပေါ်ယုတ်မာရက်တယ်”’ ကိုယ့်အပေါ်လည်း ကျေးဇူးရှိတယ် ။ကိုယ့်ကိုလည်းယုံကြည်တယ်။စိတ်ထားလည်း ကောင်းတယ် ။ဒီလိုပုဂ္ဂိုလ်မျိုးအားကျေးစွပ်ပြီး ယုတ်မာတဲ့သူကိုမဟာပထဝီမြေကြီးက ဘာလို့လက်ခံထားတာလဲ ”သူယုတ်မာနဲ့ဖက် ပြီး ရန်လည်းမဖြစ်သင့်ဘူး ။မိတ်ဆွေလည်း မဖွဲ့သင့်ဘူး ။မီးခဲဟာ ကိုင်တဲ့သူကိုပူနေတုန်းမှာ လက်ကိုလောင်တတ်ပြီးအေးသွားတော့ လက်ကိုမည်းစေတယ်”” သူယုတ်မာလည်း ချစ်စဖွယ်စကားလုံးတွေကိုသုံးတယ် ။ဒီအချက်တစ်ခုထဲနဲ့တော့ရင်းနှီးကျွမ်းဝင် မဖြစ်သင့်ဘူး ။နှုတ်ခမ်းမှာ ပျား ရည်လူးထားပြီးနှလုံးသားမှာတော့အဆိပ်တွေသိမ်းထားတယ်ဆိုတာသိထားသင့်တယ်…”ကျီးဟာထိုသို့ပြောဆိုနေစဉ်မှာပဲ နံနက်မိုး သောက်အ လင်းရောက်လာတဲ့အခါ တုတ်ကိုလက်ကကိုင်ပြီးလာနေတဲ့ လယ်ပိုင်ရှင်ကိုမြင်တော့ သမင်ကို” မိတ်ဆွေသမင် သေချင်ယောင် ဆောင်ပြီး ဗိုက်ကိုဖေါင်းအောင်လုပ်ခါ ခြေထောက်တွေကို တောင့်တင်းထားပါ ။ကျွန်ုပ်က အဆွေ့ရဲ့မျက်လုံးကို ထိုးဆွသလို ဟန် ဆောင်နေပါ့မယ် ။ လယ်ပိုင်ရှင်အနားသို့ရောက်လာရင် ကျွန်ုပ်က အနားကနေအသံပြုအချက်ပေးတာနဲ့ ထပြေးပါ’လို့ အကြံပေးတယ် ။သ မင်လည်း ကျီး အ ကြံပြုတဲ့အတိုင်းလုပ်နေတဲ့အခါလယ်ပိုင်ရှင်ဟာ သမင်ကိုတွေ့ပြီး…” ဟာ သမင်ကအလိုလိုသေနေပါ့လား ” လို့ တစ်ယောက် တည်းပြော ဆိုပြီး သမင်ကိုကျော့ကွင်းမှဖြေကာ ကျော့ကွင်းကို စိတ်ချလက်ချခေါက်သိမ်းနေစဉ် ကျီးကအသံပြုပြီး အချက်ပြလိုက် တာနဲ့တစ် ပြိုင် နက် သမင်ကထပြေးပါလေရော ။သမင်ထပြေးတာကိုမြင်တော့ လယ်ပိုင်ရှင်က အနားမှာရှိတဲ့တုတ်နဲ့ တစ်အားလွဲပစ်လိုက်တာ သမင်ကိုမထိပဲသမင်သားစားဖို့ ချုံထဲမှာပုန်းနေတဲ့ မြေခွေကို သွားထိမှန်ပြီး မြေခွေးနေရာမှာပဲ ပွဲချင်းပြီးသေသွားလေ တော့တယ် ။ ” အ လွန်အား ထုတ်ပြုလုပ်အပ်တဲ့ကောင်းမှု မကောင်းမှုတို့ရဲ့အကျိုးဟာသုံးနှစ် သုံးလ သုံးပက္ခ သုံးရက်အတွင်းမှာမုချ စံစားခံစားရတယ်…” အစာဖြစ်တဲ့သူ နဲ့ အဲဒီအစာကို စားတတ်သူနှစ်ဦးအတူတူနေထိုင်ခြင်းဟာပျက်စီးခြင်းရဲ့အကြာင်းပါပဲ။မြေခွေးရဲ့ညစ်ပတ်တဲ့မာယာကြောင့်ကျော့ ကွင်းမိတဲ့သမင်ကိုကျီးက ကယ်ခဲ့ဖူးတယ်…။
Credit- မူရင်း