တိတ်ဆိတ်ခြင်းဟာ ပညာပဲ
တိတ်ဆိတ်ခြင်းဟာ ပညာပဲ
- By, Admin
“ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း…ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ”
“မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း…
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ”
“ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း…လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာကပညာပဲ”
“လူပဲ ခံစားချက်ကတော့အသက်ရှင်နေသ၍ ရှိနေဦးမှာပဲဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲကွာသွားကြတယ်”
“ဖေါ်ပြလို့ မထူးဘူးဆိုရင်ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ””ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့…သိကြမှာ မဟုတ်ဘူး”……..။
“ခံစားချက်တိုင်း ထုတ်ပြနေရင်ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်ကိုယ္ခံစားရတာ သူတို့ကပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ”
“ဝမ်းနည်းတိုင်း ငိုပြနေရင်ကိုယ်အားပျော့တာပဲ လူသိတယ်ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ”
“လူဖြစ်လာပေမယ့်လည်းဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေးအထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်””ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်းတော်တော်လေးကို ခက်တာ””တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲလောကအလယ်…ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့…အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်”
#Credit
#Life&Success