ပင်ကိုယ်စိတ်ရင်းကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတက်တဲ့အမှား (၅)မျိုး

ပင်ကိုယ်စိတ်ရင်းကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတက်တဲ့အမှား (၅)မျိုး

ပင်ကိုယ်စိတ်ရင်းကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတက်တဲ့အမှား (၅)မျိုး

Jan,27,2022  
  • By, Admin  

လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်ပါတယ်။
စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကတော့ –

(၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ – ကိုယ့်အပေါ်အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ပါ လို့ လူတွေက အကြံပေးကြပေမယ့် အဲ့ဒီလူက ကိုယ့်ရဲ့ခွင့်လွှတ်မှုနဲ့ထိုက်တန်ဖို့လည်း လိုပါသေးတယ်။
ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကို ခွင့်လွှတ်လိုက်တဲ့အခါ နောက်ထပ်အမှားတွေ ထပ်ထပ်ပြီးကျူးလွန်အောင် အခွင့်အရေးပေးလိုက်သလိုပါပဲ။ဒါကြောင့် အမှားကျူးလွန်တဲ့သူကို အမှားနဲ့တန်တဲ့အပြစ်ပေးရပါမယ်။ အမြဲတမ်း စိတ် ကောင်း ထားပြီး ခွင့်လွှတ်နေလို့မရပါဘူး။

(၂) သည်းခံစရာမလိုတာတွေကိုပါသည်းခံနေတာ – နေရာ တကာမှာ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာမလိုပါဘူး။ ဒါပေမယ့် အမြဲတမ်းလည်း သည်းခံနေစရာမလိုပါဘူး။ ကိုယ့်ရဲ့သိက္ခာကိုထိခိုက်တာ၊ ကိုယ့်ရဲ့ မိသားစုကိုစော်ကားတာ၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်လို့ တမင်တကာနှိမ့်ချတာတွေကို ပါးစပ်ပိတ်ပြီး ငြိမ်ခံမနေသင့်ပါဘူး။ နေရာတကာ စိတ်ထားကောင်းမွန်မြင့်မြတ်နေဖို့မလိုပါဘူး။

(၃) အကူအညီလာတောင်းတိုင်း မငြင်းတတ်တာ – အားနာတတ်တာကလည်း စိတ်ထားကောင်းသူတွေရဲ့ အားနည်းချက်တစ်ခုပါပဲ။ကူညီတတ်တာကောင်းပါတယ်။ ဒါပေမယ့် အားနာတတ်လွန်းပြီး အကူအညီလာတောင်းတိုင်းမငြင်းဘဲ၊ ကိုယ်အဆင်မပြေတာကို ဖွင့်မပြောဘဲ သူများအခက်အခဲကို ကိုယ့်အခက်အခဲအဖြစ်ခံပြီး ကူညီတာကတော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။

(၄) ကိုယ့်ကိုယ်ကိုဦးစားပေးတာကိုမှားတယ်လို့ထင်နေတာ – လူတိုင်းက ကိုယ့်ကိုယ်ကိုအချစ်ဆုံး၊ အရာအားလုံးထက် ဦးစားပေးဆုံးပါ။ ဒါပေမယ့် စိတ်ထားကောင်းတဲ့သူတွေက ကိုယ့်ကိုယ်ကိုထက် သူများကို ဦးစားပေးတတ်ကြပါတယ်။ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုဦးစားပေးတာက မဖြစ်သင့်ဘူး၊ အပြစ်ရှိတယ်လို့ ခံစားနေရတာပါ။ ဒီလိုစိတ်မျိုးက ကိုယ့်အတွက် စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။

(၅) ကိုယ့်ကိုယ်ကို အမြဲသံသယဝင်နေတာ – စိတ်ထားကောင်းတဲ့သူတွေအမြဲကြုံတွေ့ရတဲ့ပြဿနာတစ်ခုက ကိုယ်ကသူများအပေါ်ဘယ်လောက်ကောင်းကောင်း လုံလောက်တယ်လို့ မထင်တာပါ။ ကိုယ်က လူတစ်ဖက်သားအပေါ်တကယ်ကောင်းရဲ့လား၊သူ့အပေါ် မကောင်းတဲ့စိတ်၊ မနာလိုစိတ် များဖြစ်နေမိပြီလား၊ စသဖြင့် ကိုယ့်ကိုယ်ကိုသံသယဝင်ပြီး စိတ်မကောင်းဖြစ်နေတတ်တာပါ။စိတ်ထားမကောင်းတဲ့သူတွေကတော့ အဲ့လိုစိတ်မျိုးဖြစ်ဖို့နေနေသာသာ ကိုယ်လုပ်သမျှ၊ ကိုယ်ဖြစ်သမျှ အားလုံးက သူများအပြစ်လို့ထင်ပြီး ကိုယ့်အမှားအတွက် တခြားသူကို အပြစ်တင်တတ်ပါသေးတယ်။

Credit – မူရင်းရေးသားသူ<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220127_145533_898.sdocx-->