ဗဟုသုတမျှဝေခြင်း
ဗဟုသုတမျှဝေခြင်း
Jan,18,2022
- By, Admin
လူတွေရဲ့အိတ်ထဲက ပိုက်ဆံကိုလိုချင်ရင်.....
♦လူတွေရဲ့အိတ်ထဲကပိုက်ဆံကိုလိုချင်ရင် ခင်ဗျား ပစ္စည်း (သို့မဟုတ်) ၀န်ဆောင်မှုတစ်ခုခုကိုရောင်း ရပါလိမ့်မယ်။ နောက်ပြီးတော့ လူတွေက ခင်ဗျားစီက ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကိုဘာ့ကြောင့် ၀ယ်ရတာလဲ ဆိုတာ သေချာသိဖို့လိုပါတယ်။
♦လူတွေက အကြောင်း အရင်း(၂)မျိုးကြောင့် ၀ယ်ပါတယ်။
♦နံပတ် (၁) က Needs ဆိုတဲ့ အရှိမဖြစ်လိုအပ်ချက် ကြောင့်ဖြစ်တယ်။
♦နံပတ် (၂) ကတော့ Wants ဆိုတဲ့ လိုချင်စိတ်ကြောင့် ဖြစ်တယ်။
♦ဥပမာ (၁) ဘိုက်ဆာလို့ အစာစားတယ်။ ဒါက Needs ကိုဖြည့်ဆည်းတာ။ သို့သော် ဘာစားမှာလဲ? ကြေးအိုးမှ စားချင်တာ။ ဒံပေါက်မှစားချင်တာ။ ဒါဆို Wants ဖြစ်သွားပြီ။
♦ဥပမာ (၂) ဖုန်းတစ်လုံး၀ယ်ချင်တယ်။ ဒါက သမာရိုးကျ မရှိမဖြစ်လို့ ၀ယ်တာဖြစ်တယ်။ သို့သော် Camera ကောင်းတာလေးပဲ၀ယ်ချင်တယ်။ Storage များတာလေး၀ယ်ချင်တယ်။ သို့မဟုတ် Iphone လေးကိုင်ချင်တယ်။ ဒါဆိုရင်တော့ Wants ဖြစ်သွားပြီ။
♦ခင်ဗျားစျေးထဲမှာ ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ၀က်သား၀ယ်ရင် စျေးဆစ်ချင်ဆစ်လိမ့်မယ်။ အပိုတွေလည်းတောင်းခဲ့ဖူးလိမ့်မယ်။ ခင်ဗျား Iphone ၀ယ်လို့ရှိရင်စျေးမဆစ်ဘူး။ တန်တယ်လို့တောင် ထင်ရင်ထင်နေမယ်။ သူနဲ့ပတ်သက်တဲ့ Accessories တွေလည်း အကုန်လုံးခင်ဗျား၀ယ်လိမ့်မယ်။
♦ ကျွန်တော်လည်း ဒီလိုပဲ။ စျေးထဲမှာ ကန်စွန်းရွက် တစ်စီး ၃၀၀ဆိုရင် ၂စီး ၅၀၀ ရမလားလို့စျေးဆစ် မိတတ်တယ်။ ဒါက Needs အတွက်၀ယ်တာနော်.. ဟော.. ကိုယ့်အတွက် LV ခါးပတ် $1000 ၀န်းကျင် (ဆယ်သိန်းကျော်)ကျတော့စျေးမဆစ်တော့ဘူး။ အံမယ်.... တန်လိုက်တာလို့တောင် ထင်မိတယ်။ ဒါက Wants လို့ခေါ်တယ်။
♦အဲ့တော့ ခင်ဗျား ပိုက်ဆံပိုလိုချင်ရင် လူတွေရဲ့ Wants တွေကိုသိပြီး Wants ကိုရောင်းပေးနိုင်ဖို့လိုတယ်။ လူတွေရဲ့ ဆိုက်ကိုအရ Needs အတွက်ဆိုရင် ပိုက်ဆံ သိပ်မပေးချင်ဘူးဗျ။ Wants ဆိုရင်တော့ ပိုက်ဆံတွေ အများကြီးပေးချင်တယ်။ ပေးရတာလဲ တန်တယ်လို့ သူတို့စိတ်ထဲမှာတင်မိတယ်။ အဲ့လိုထင်အောင်လုပ်ရတဲ့ မဟာဗျူဟာတွေလည်း ရှိတယ်။
♦လောကမှာ Needs ကိုရောင်းနေတဲ့သူတွေက အများကြီးရှိတယ်။ ယှဉ်ပြိုင်ထိုး ဖောက်ဖို့မလွယ်ဘူး။ ပိုက်ဆံလည်းထင်သလောက်မရဘူး။အဲ့တော့ တစ်ခုခု ဆိုရင် ခင်ဗျားစျေးလျှော့ရောင်းဖို့ချည်းပဲ မစဉ်းစားနဲ့။ Customers တွေရဲ့ Wants တွေကိုသိအောင်လုပ်ပြီး သူတို့အတွက် Value Creation များများသာလုပ်ပေး နိုင်အောင်ကြိုးစားပါ။ သူတို့စီမှာ ၀ယ်ဖို့ပိုက်ဆံမရှိ ရင်တောင် ရှိတဲ့နေရာကနေ ပိုက်ဆံချေးပြီး ၀ယ်သုံး လိမ့်မယ်။
♦Needs, Wants and Demand ကိုချိန်တက်ရင် လုပ်ငန်းတွေ မတရား အောင်မြင်ပြီးတော့ ခင်ဗျားလည်း ချမ်းသာပြီ။