မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး
မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး
- By, Admin
မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားအရေကို ကြည်လင်စေတယ် -ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။
(၂) အဆိပ်အတောက်တွေ ပြေစေတယ် -မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ် အတောက်တွေကိုဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။
(၃) ဆံပင်ကို သန့်ရှင်းစေတယ် -သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။
(၄) သွားတွေကို ဖြူဖွေးစေတယ် -မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။
(၅) မြေသြဇာဖြစ်တယ် – အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။
(၆) အနာတွေကို ပျောက်ကင်းစေတယ် – အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်
(၇) အိုးခွက်တွေကို ပြောင်လက်စေတယ် – မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။
Credit : aunty may
<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220127_135521_585.sdocx-->