အသိဉာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်

အသိဉာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်

အသိဉာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်

Jan,27,2022  
  • By, Admin  

တစ်ခါက ပန်းထိမ်ဆရာတစ်ဦး ကွယ်လွန်သွားပြီးနောက်မှာ သူရဲ့ မိသားစုဟာ စီးပွားရေးအခြေအနေ ကျဆင်းလာခဲ့ပြီး နေ့စဉ်စားဝတ်နေရေး ဖြေရှင်းဖို့အတွက်တောင် ကျန်ခဲ့တဲ့ မိသားစုတွေဟာ ခက်ခက်ခဲခဲဖြေရှင်းနေရတယ်။ တစ်နေ့မှာတော့ ..ပန်းထိမ်ဆရာရဲ့ဇနီးဟာ သူနှစ်ရှည်လများသိမ်းထားတဲ့နီလာလည်ဆွဲလေးတစ်ခုကို သိမ်းထားရာမှထုတ်လိုက်ပြီး..သူရဲ့ သားကို ပေးလိုက်တယ်။ သားရေ..ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား..လည်ဆွဲကိုပေးလိုက်..လည်ဆွဲအတွက်တန်ဖိုးငွေကို..သားပြန်ယူလာခဲ့ပါ..လို့ ပြောတယ်။ကောင်လေးလည်း မိခင်ပြောသည့်အတိုင်း လည်ဆွဲကိုယူပြီးသူ့ဦးလေးဆီသွားပေးတယ်။ဦးလေးဖြစ်သူက လည်ဆွဲကိုယူကြည့်ပြီး ကောင်လေးကိုပြောတယ်.. သားရေ..လည်ဆွဲကို မင်းအမေဆီပြန်ယူသွားလိုက်ဦး..သူ့ကိုပြောလိုက်.. အခု ကျောက်မျက်ဈေးတွေကျနေတယ်..နောက်…ဈေးကောင်းတဲ့အခါမှရောင်းပါလို့ ပြော..

အခုတော့ မင်းအမေဈေးသုံးဖို့ ငွေအနည်းငယ်ပေးလိုက်မယ်..သြော်..ဒါနဲ့ မင်းအခုအလုပ်မရှိဘူး..အားနေတယ် မဟုတ်လား..နက်ဖြန်.. ဦးလေးရဲ့ကျောက်မျက်ဆိုင်မှာ..အလုပ်လာလုပ်ကွာ..ဦးလေးကမင်းကို..လုပ်အားခပေးမှာပေါ့ကွ” .. လိုပြောလိုက်တယ်။ ကောင်လေးလည်း .. သူ့ဦးလေးပေးလိုက်တဲ့ငွေအနည်းငယ်နဲ့သူတို့မိသားစု ရေရှည်ရပ်တည်နိုင်မည်မဟုတ်ကြောင်းနားလည်လို့.. နက်ဖြန်ကစလို့ဦးလေးဆိုင်မှာ အလုပ်ဆင်းမှဖြစ်မယ်လို့ စဉ်းစားမိတယ်။ နောက်နေ့ကစ၍.. ကောင်လေးသည်..သူ့ဦးလေးဆိုင်သွားပြီး.. အလုပ်ဆင်းတယ်..ဒီလိုနဲ့ သူဟာ အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက် တို့၏အကြောင်းကို လေ့လာသင်ယူခဲ့တယ်။

အချိန်ကြာလို့ လုပ်သက်ရင့်လာတာနဲ့အမျှ ကျောက်မျက်အကြောင်းကို အတော်လေးလည်းစစ်ဆေးအကဲဖြတ်နိုင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်တဲ့ အဆင့်ထိ ကျွမ်းကျင်တတ်မြောက်လာခဲ့တာပေါ့..။

တစ်နေ့မှာ..ဦးလေးက”လူလေးရေ..မင်းအမေဆီသွားလိုက်ဦး အခုကျောက်မျက်ဈေးတွေ ကောင်းနေတယ်…ဒီအချိန်ရောင်းရင်ဈေးကောင်းရမှာလို့ ပြောပြီးနီလာဘယက်ကို ယူလာခဲ့..” ပြောလိုက်တယ်။ ဒါနဲ့ သူလည်းအိမ်ပြန်ရောက်ချိန်မှာ သူ့အမေဆီမှ နီလာလည်ဆွဲကိုယူပြီး စစ်ဆေးကြည့်ရှုကည့်တော့လည် ဆွဲဟာ အစစ်မဟုတ်..အတုဖြစ်ကြောင်းသိသွားတယ်။ နောက်တစ်နေ့မှာတော့ ကောင်လေးဟာ သူ့ဦးလေးဆိုင်သို့ ပြန်လာခဲ့တယ်။ လည်ဆွဲကိုတော့ သူမယူလာခဲ့တော့ပေ။ ဦးလေးလုပ်သူက လည်ဆွဲဘာလို့မယူလာကြောင်းမေးတော့မှ” လည်ဆွဲလား..မယူခဲ့တော့ဘူးလေ..ကျွန်တော်သေသေချာချ‌ေ.. စစ်ဆေးကြည့်ခဲ့ပြီးပြီ.အဲ့ဒါအတုကြီးဗျ…
ဘာမှတန်ဖိုးမရှိပါဘူးဗျာ..” ဟု ပြန်ပြောလိုက်တယ်။ပြီးနောက်.. ကောင်လေးက ဦးလေးကို ပြန်မေးလိုက်တယ်..” ဦးလေး..အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီးဖြစ်ပေမယ့် ဘာဖြစ်လို့..ဈေး ကောင်းရမှရောင်းပါဆိုပြီး..သိမ်းခိုင်းထားရတာလဲခင်ဗျာ..”

” ဒီမယ်…လူကလေး..မင်း..လည်ဆွဲကိုယူလာခဲ့စဉ်တုန်းက..လည်ဆွဲကအတုပါလို့..ငါပြောလိုက်ရင်.. မင်းတို့မိသားစု စိတ်ဓာတ်ပိုကျသွားမယ်..နောက်ပြီး..ငါက..လိမ်ပြောတယ်လို့…မင်းတို့ထင်ကြလိမ့်မယ်..အခုဆို..မင်းလည်း..ကျောက်မျက်အကြောင်းသိနေပြီပဲ..လည်ဆွဲက အတုဆိုတာကို မင်းကိုယ်တိုင်သိသွားရတာပေါ့..”
သင်ခန်းစာ – အသိဉာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာ.. အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်..အမြော်အမြင်ကြီးစွာ ဆောင်ရွက်သင့်လှတယ်..။

Credit – မူရင်းရေးသူ

















<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220127_133259_039.sdocx-->