စီးပွားရေးလုပ်တဲ့အခါ ဒီလိုအမြတ်အစွန်းမျိုး မယူမိပါ

စီးပွားရေးလုပ်တဲ့အခါ ဒီလိုအမြတ်အစွန်းမျိုး မယူမိပါ

စီးပွားရေးလုပ်တဲ့အခါ ဒီလိုအမြတ်အစွန်းမျိုး မယူမိပါ

Jan,26,2022  
  • By, Admin  

တစ်ခါတုန်းက နွားနို့သည်တစ်ယောက်ဟာ မသာတဲ့ နည်းနဲ့ အလွန်ပဲ ချမ်းသာကြီးပွားလာသတဲ့..။ နေ့စဉ်သူ့ဖောက်သည်တွေရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကိုဖြတ်ကူးပြီး သွားရပါတယ်။ 


ဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်ကြီးရဖို့ နွားနို့ထဲကို မြစ်ရေတွေရောပြီးမှရောပါတယ်.. ။ တနေ့မှာတော့ သူ့သားမင်္ဂလာဆောင်အခမ်းအနားကျင်းပဖို့အတွက် ရစရာရှိတဲ့ အကြွေးတွေကို လှည့်ပြီးတောင်းပါတယ်။ 


အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ အဖိုးတန်ရွှေထည်တွေပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။အိမ်အပြန် မြစ်ကိုဖြတ်ကူးချိန်မှာတော့ သူစီးလာတဲ့လှေဟာ ရုပ်တရက် တိမ်းမှောက်ကာဝယ်လာသမျှ ပစ္စည်တွေအားလုံး ရေထဲမှာ မြောပါကုန်ပါတော့တယ်။ နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကားတလုံးမှ မဆိုနိုင်အောင် ပူလောင်ခံစားနေပါတယ်။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတစ်ခုကိုသူကြားလိုက်ရပါတယ်။“မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့ နွားနို့ကို ဝယ်သောက်တဲ့လူတွေဆီက လိမ်လည်လှည်ဖြားပြီး မသမာတဲ့နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေပါပဲတဲ့..။ 


” မတရားမှုတွေ၊ သူတပါးမျက်ရည်တွေနဲ့ရလာတဲ့ ပိုက်ဆံဆိုတာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ပြန်အံထွက်တက်ပါတယ်..။ 

Credit to လင်းမြတ်(ပန်းတောင်း)