ကိုယ့်ကိုယ်ကို အထင်ကြီးမိရင်

ကိုယ့်ကိုယ်ကို အထင်ကြီးမိရင်

ကိုယ့်ကိုယ်ကို အထင်ကြီးမိရင်

Jan,26,2022  
  • By, Admin  

တခါတုန်းက လမ်းဘေးက အဘိုးအို တယောက်က သူနဲ့ ဘဝတူချင်း ဖြစ်တဲ့ ကလေးတယောက်ကို ပုံပြင်တပုဒ် ပြောပြဖူးတယ်။ ပုံပြင်လေးရဲ့နာမည်က "ကိုယ့်ကိုယ်ကို အထင်ကြီးရင် ရှုံးနိမ့်ရတယ်" တဲ့။

ဟိုတုန်းက မြို့တမြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တယောက် ရှိခဲ့ဖူးတယ်။ သူဋ္ဌေးသားက အသက်ကလည်းငယ် ဘွဲ့ရ ပညာတတ်ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့။

သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ်ကလည်း မလုပ်၊ တနေ့တနေ့ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော။

အဲဒါနဲ့ အိပ်ယာထဲ လဲနေတဲ့ မိဘတွေက သူတို့သားကို အလုပ် လုပ်ဖို့ ပြောပေမဲ့ သားက မလုပ်ဘူး။ နောက်တော့ မိဘတွေ သေတယ် ဆိုပါတော့။

မိဘတွေကလည်း သေ၊ သားကလည်း အပေါင်းအသင်းတွေနဲ့ ဟေးလာ ဝါးလာလုပ်နေတာ မိဘတွေ ရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိဆိုပါတော့။နောက်တော့ ပိုက်ဆံမရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီး နေလာလိုက်တာ နောက်ဆုံး နေစရာမရှိ ဖြစ်သွားပါတော့တယ်။

နောက်တော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ် လုပ်မယ် ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတပါး ဆီမှာ အလုပ် လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ။

ကလေးက "အဘိုး၊ အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲ" မေးတော့ အဘိုးအိုက ရယ်ပြီးတော့ ပြောတယ်။"အဲဒီ သူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာပေါ့ကွယ်။ ဒါနဲ့ အဲဒီသူဋ္ဌေးသားက ဘယ်သူလဲ ဆိုတာ မသိချင်ဘူးလား"

"သိချင်တယ်"
"တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူး။ အဘိုးပဲ" လို့ ပြောလိုက်တော့ ကလေးက အရမ်းအံ့သြသွားတာပေါ့။ အဘိုအိုးက ထပ်ပြောပြန်တယ်။

"လောကမှာ ဆင်းရဲလို့လည်း စိတ်ဓာတ်မကျနဲ့၊ ချမ်းသာလို့လည်း မာန်မတတ်နဲ့။ ဆင်းရဲလို့ စိတ်ဓာတ်ကျနေရင် ဘယ်တော့မှ ထိပ်ရောက်မှာမဟုတ်ဘူး။ ချမ်းသာလို့ မာန်တတ်ပြီး ပြုတ်ကျရင်လည်း ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ပါဘူး"

Crd  Pink





<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220126_222831_046.sdocx-->