ခေါင်းဆောင်ဆိုတဲ့ စိတ်ဓါတ်

ခေါင်းဆောင်ဆိုတဲ့ စိတ်ဓါတ်

ခေါင်းဆောင်ဆိုတဲ့ စိတ်ဓါတ်

Jan,26,2022  
  • By, Admin  



မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေနောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ရင်းနဲ့ ချောက်ကမ်းပါး တစ်ခုရဲ့ ထိပ်မှာ တောင် ဆိတ်အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ပိတ်မိသွားတယ်။ သူတို့ ခုန်ကူးနိုင်တာထက် ချောက်ကမ်းပါးကြီးက ပိုကျယ်နေတယ်။ အောက် မှာကလည်း ရေစီးသန်တဲ့ ချောင်းကြီး တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။

ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။မုဆိုးတွေကတောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲကြည့်နေကြတယ်။

သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲခုန်ကူးလိုက်တယ်။အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲချောက်ကမ်းပါးနက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲမျောပါသွားတယ်။နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက် လန့် တုန်လှုပ် နေကြတယ်။

အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက် လန့် တကြား ဖြစ်နေတဲ့ သူ့ အုပ်စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခုခွဲလိုက်ကြတယ်။

တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊နောက်တစ်အုပ်စုက တောင်ဆိတ် ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ၊မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေးလိုက်တော့တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်
တောင်ဆိတ်အို တွေက အရင်ဆုံး စပြီးခုန်တယ်။စက္ကန့် ပိုင်းခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာလိုက်ခုန်ကြတယ်။အဲလို အရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အို တွေ ရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့

တောင်ဆိတ်ငယ်လေးတွေဟာတစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စ တေးခံသွားကြရှာတယ်။တောင်ဆိတ်ခေါင်းဆောင် ကြီးကလဲ သူ့ အုပ်စုအကုန်ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင်ထင်ပါတယ်။

မုဆိုးတွေ ဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။သေနတ် တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီးရှေ့ ဆက်တိုးဝင်လာလို့ ထပ်ပစ်ရတယ်။နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။

ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန် တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေကရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲတဲ့ ။

Credit – မောင်စိန်ဝင်း (ပုတီးကုန်း)<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220126_212841_717.sdocx-->