မြေကွက်ပုံစံပေါ်မူတည်ပီး ဧကတွက်နည်း

မြေကွက်ပုံစံပေါ်မူတည်ပီး ဧကတွက်နည်း

မြေကွက်ပုံစံပေါ်မူတည်ပီး ဧကတွက်နည်း

July 27, 2021  
  • By, Admin  

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း

  • မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ  မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။

လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက

======================

၂၀၈.၇၁' × ၂၀၈.၇၁' ÷ ၄၃၅၅၉.၈၆ = ၁ ဧက


ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်

၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက


နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက

===================

(လ x န)' ÷ ၄၃၅၆၀ = ... ဧက


ဥပမာ: 

(၄၀'×၆၀') ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက

(၆၀'×၁၀၀') ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက


နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက

========================

ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ... ဧက


ဥပမာ:

[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက


တြိဂံပုံစံဖြစ်ပါက

===========

၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက

½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက


ဥပမာ:

၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက


ထောင့်မှန် တြိဂံပုံစံဖြစ်ပါက

===================

အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀


ဥပမာ: ၁၀၀' × ၅၀' = ၅၀၀၀'

၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက


စက်ဝိုင်းပုံစံဖြစ်ပါက

==============

အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = .... ဧက


အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ... ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )


(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ ) 


ဥပမာ:

၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက


အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား (၁ ဧက = ၄၃၅၆၀ စတုရန်းပေ) 


#Shared #Shared_Myay #Myay #ရှယ်မြေ #မြေ #စိုက်ပျိုးရေး #စိုက်ပျိုးမြေ #နည်းပညာ